Friday 23 December 2011

တွေးစရာလေး...






ငယ်ငယ်က စာချဘုန်းကြီးတစ်ပါးကစာကျက်ခိုင်းတာ စာမကျက်ကြလို့ဆရာဘုန်းကြီးက စိတ်ဆိုးဆိုးနဲ့ပြော လိုက်တာသေချင်းဆိုးလေးတွေ သူ့ဖို့မှန်းမသိ၊ ကိုယ်ဖို့မှန်းမသိတဲ့၊ပြီးတော့မေးလိုက်သေးတယ် မင်းတို့ ဒီစကားကိုသိကြလား၊ အောက်ကပရိတ်သတ်က သိလဲမသိပါဘုရားပေါ့။

မိန်းမလုပ်တဲ့သူကဈေးသွားတာ သနပ်ခါးတုံးတွေဝယ်ပြီးပြန်လာတယ်၊ယောက်ျားကဈေးခြင်းတောင်းကို လှပ်ကြည့်တယ်၊ ဟင်းချက်စရာမတွေ့ပဲသနပ်ခါးတုံးတွေချည်းတွေ့တော့ နင့်ဟာကချက်စားလို့မှမရတာ ဘာလုပ်ဘို့လဲဆိုပြီး သူ့မိန်းမကိုဆူးတယ်၊ အဲ့ဒီတော့ မိန်းမလုပ်တဲ့သူကသေချင်းဆိုးသူ့ဖို့မှန်းမသိ၊ ကိုယ့်ဘို့ မှန်းမသိတဲ့၊ ဒီပုံပြင်လေးကိုပြောပြတယ် ပုံပြင်ထဲကအမျိုးသမီးက သူ့ဘို့မှန်းမသိကိုယ့်ဘို့မှန်းမသိဆိုတာကို ဘာကြောင့်ပြောမှန်းဘုန်းဘုန်းတို့လဲ မသိခဲ့ပါဘူး။ 

ယခုလဲ မသိသေးပါဘူး၊ ဒါပေမယ့်လောကမှာသူ့ဘို့ပြောနေတာလား၊ ကိုယ့်ဘို့ပြောတာလား (သူ့အတွက် လား၊ ကိုယ့်အတွက်လား)ဆိုတဲ့ စကားအတိမ်အနက်ကိုနားမလည်တဲ့သူက များတယ်ဆိုတာကိုတော့ ရိပ်မိတယ်၊လောကကြီးမှာ တစ်ချို့က ရန်သူမိတ်ဆွေမခွဲခြားတတ်ကြဘူး၊ အဲ့ဒီလိုမှ မကွဲပြားဘူးဆိုရင် ခံရလိမ့်မယ်။

အရှင်အာနန္ဒာက ဘုရားကိုလျှောက်တာ “လောကမှာ မိတ်ဆွေကောင်းရှိမယ်ဆို ရင်လောကီကောင်းကျိုးချမ်းသာကိစ္စတစ်ဝက်ပြီးဆုံးတယ်လို့”လျှောက်တယ်၊ ဗုဒ္ဓက “မိတ်ဆွေကောင်းရှိ ရင်လောကီချမ်သာကိစ္စတင်မကလောကုတ္တရာကိစ္စပါပြီးတယ်၊ ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းကြောင့်လောကုတ္တရာချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ကိုရရှိသွားတဲ့ သတ္တ၀ါတွေအများကြီးရှိတယ် လို” မိန့်ခဲတာရှိတယ်၊ ဒါကြောင့် မိတ်ဆွေကောင်းကိုရှိဘို့လိုပါတယ်။

ဘယ်အရာမဆိုခွဲခြားသိမြင်နိုင်ကြပါစေ
၂၄. ၁၂. ၂၀၁၁ (စနေနေ့)

No comments:

Post a Comment